Helio G80 သာလွန်ကောင်းမွန်သည့် ဂိမ်းကစားနိုင်စွမ်း

6.78" Infinity-O ဖန်သားပြင်

48M Ultra Night ကင်မရာလေးခုတွဲ

5200mAh Power Marathon နည်းပညာ သုံးထားသည်

Type C သုံး၍ သာလွန်ကောင်းမွန်သည့် 18W ဖြင့် အားသွင်းနိုင်ခြင်း

ဖုန်းဘေးတွင် ပါရှိသည့် လက်ဗွေဖတ်စနစ်နှင့် မျက်နှာဖြင့်ဖွင့်သည့်စနစ်

DTS အသံပိုင်းဆိုင်ရာ လုပ်ဆောင်မှု

စွမ်းဆောင်ရည်မြင်မားသည့် Helio G80 ပရိုဆက်ဆာ

စွယ်စုံသုံး၊ စွမ်းဆောင်ရည် မြင့်မားခြင်း

ပို၍ ညက်ညောပြီး တည်ငြိမ်သည်

အလွန်အမင်း ချောမွေ့အဆင်ပြေစွာ အသုံးပြုနိုင်သည်
အထူးသဖြင့် Helio G80 ပရိုဆက်ဆာသုံး၍ ဂိမ်းများကို ချောမွေ့စွာ ကစားနိုင်သည်

စွမ်းဆောင်ရည်မြင့် ချပ်စ်အစုံဖြင့် E-sports အတွေ့အကြုံ ရရှိစေပြီး ဂိမ်းတိုင်းတွင် ထိပ်သီးကစားသမား ဖြစ်စေမည်။

  • 14%

    Helio G70 (NOTE 7) နှင့်ယှဉ်လျှင် GPU ပုံရိပ်ဖော်သည့် ကြိမ်နှုန်းကိုလည်း မြှင့်တင်ပေးထားသည်

  • 35%

    Helio G70 (NOTE 7) နှင့်ယှဉ်လျှင် သာလွန်သည့် ANTUTU စံနှုန်းရမှတ်

6.78"HD INFINITY-O ဖန်သားပြင်

သင့်အတွေ့အကြုံများကို ချဲ့ထွင်ရန် ပြင်ဆင်ထားလိုက်ပါ

Note 8i တွင် အလွန်သေးငယ်သော ကင်မရာပေါက်နှင့်အတူ 20.5:9 ဖန်သားပြင် ပါရှိသည်။
အမြင်အာရုံ အတွေ့အကြုံများကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်ဖို့ အချိန်ကျပါပြီ။

  • 6.78"

    Infinity-O ဖန်သားပြင်

  • 20.5:9

    အချိုးအစား

  • 1500:1

    ကွဲပြားခြားနားချက် အချိုးအစား

  • 480nit

    အမြင့်ဆုံး တောက်ပမှု

48M

Ultra Night ကင်မရာလေးခုတွဲ

ဤကြည်လင်ပြတ်သားမှု မြင့်မားသည့် ကင်မရာများဖြင့် မေ့မရသော ညဘက်ရှုခင်းများကို ရိုက်ယူနိုင်ပါသည်။
ရင်သပ်ရှုမောဖွယ် မြင်ကွင်းများ၏ အသေးစိတ် အလှအပတို့ကို ကြည်လင်ပြတ်သားစွာ၊ လက်တွေ့ဘဝနှင့် ထပ်တူညီစွာ ရိုက်ကူးနိုင်သည်။
Corning® Gorilla® Glass

48MP ပင်မကင်မရာ

ကျွန်ုပ်တို့၏ 48MP ပင်မကင်မရာ၏ အထူးရှင်းလင်းပြတ်သားမှုဖြင့် အပြင်လောကကို ရှုထောင့်သစ်မှ သစ်လွင်စွာရှုမြင်နိုင်ပါသည်။

Ultra Night Mode 2.0

ညဘက်တွင်လည်း ပူပန်စရာမလိုဘဲ သင့်အလှအပကို Ultra Night Mode 2.0 ဖြင့် အလွယ်တကူ ရိုက်ကူးထားနိုင်ပါသည်။

မျက်လုံးရွေ့လျားမှုအလိုက် အလိုအလျောက်ဆုံချက်

AI အယ်လ်ဂိုရစ်သမ်များနှင့်အတူ အချိန်နှင့်တစ်ပြေးညီ မျက်လုံးရွေ့လျားမှု အာရုံခံစနစ်ဖြင့် ပိုမိုသဘာဝကျပြီး စတူဒီယိုတွင် ရိုက်ကူးသကဲ့သို့ စတိုင်ကျလှပသည့် ဓာတ်ပုံများကို ရိုက်ယူနိုင်ပါသည်။

အနှေးရိုက်ကူးခြင်း

နုနယ်အသေးစိတ်သည့် အနှေးရိုက်ကူးခြင်းကို အပြည့်အဝ သုံးနိုင်ပါသည်။ မြန်နိုင်သမျှမြန်ပါစေ လွတ်ဟသွားသည်၊ ဝေဝါးသွားသည် မရှိဘဲ အပြည့်အစုံ ရိုက်ကူးနိုင်ပါသည်။

တီထွင်ဆန်းသစ်မှုအပြည့်ဖြင့် ဗီဒီယိုအတိုအထွာများ ရိုက်ကူးခြင်း

ကင်မရာမှ သင့်စိတ်ကြိုက် ဖယ်လ်တာကို ရွေးချယ်ပြီးလျှင် လူစုလူဝေးအတွင်း သင့်ကိုထင်ရှားပေါ်လွင်သည်အထိ ရိုက်ကူးနိုင်ပါသည်။

ဗီဒီယိုအတွက် အလှပုံဖော်ပေးမည့် အယ်လ်ဂိုရစ်သမ်များ

အလွန်အမင်း ကြိုးပမ်းနေစရာမလိုဘဲ တစ်မူထူးခြားသည့် အလှပုံဖော် အယ်လ်ဂိုရစ်သမ်များဖြင့် သင်၏ ရင်သပ်ရှုမောဖွယ် ပုံဟန်တို့ကို ဗီဒီယိုရိုက်ကူးနိုင်ပါသည်။

စူပါမာခရို မှန်ဘီလူးများ

စူပါမာခရို မှန်ဘီလူးများဖြင့် အနီးကပ် အစစ်အမှန် ရိုက်ကူးသည့်သကဲ့သို့ အနုစိတ်ကျသည့် ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်ပါသည်။

ပုံတူပန်းချီ မှန်ဘီလူးများ

နောက်ခံကို ဝေဝါးသွားစေပြီး ဓာတ်ပုံ၏ အဓိကဇာတ်ဆောင်အား ထင်ရှားပေါ်လွင်စေမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ မည်သို့မည်ပုံ ရိုက်ကူးစေကာမူ သင်တစ်ဦးတည်းသာ ဆုံချက်တွင်ပေါ်လွင်မည် ဖြစ်သည်။

အလွန်အမင်း တာရှည်ခံ 5200mAh ဘက်ထရီ
Power Marathon နည်းပညာ သုံးထားသည်

အလွန်အမင်း အချိန်ကြာမြင့်စွာ အသုံးပြုရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Power Marathon နည်းပညာကို ဖန်တီးထားခြင်းဖြစ်ပြီး ဘက်ထရီအတွက် စိတ်ပူစရာမလိုဘဲ စိတ်ကြိုက်နေထိုင်နိုင်ပါသည်။

သာလွန်ကောင်းမွန်သည့် 18W ဖြင့် အားသွင်းနိုင်ခြင်း +Type C

အားသွင်းရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန်မလိုပါ။ ယူအက်စ်ဘီ Type C သုံးပြီး သာလွန်ကောင်းမွန်သည့် 18W ဖြင့်အားသွင်းနိုင်သည့်အတွက် အဆင်ပြေမှုနှင့် ထိရောက်မှု အမြင့်ဆုံးဖြစ်စေသည်။

Type C

ဖုန်းဘေးတွင် ပါရှိသည့် လက်ဗွေဖတ်စနစ်နှင့် မျက်နှာဖြင့်ဖွင့်သည့်စနစ်

လက်ဗွေဖတ်ရှု အတည်ပြုစနစ်နှင့် တိကျသည့် မျက်နှာဖတ်ရှုစနစ်တို့ဖြင့် 250ms အတွင်း အလွန်အမင်း လျင်မြန်စွာ ဖုန်းဖွင့်ပေးနိုင်ပါသည်။

DTS အသံပိုင်းဆိုင်ရာ လုပ်ဆောင်မှု

DTS အသံပိုင်းဆိုင်ရာ လုပ်ဆောင်မှုမုဒ် 4 ခုပါရှိသည့်အတွက် ဂီတနှစ်သက်သူများအတွက် နှလုံးသားနှင့်ထပ်တူ ခံစားနိုင်စေပါသည်။

GEM CUT ပါရှိသည့် ကျစ်လစ်သေသပ်သောဒီဇိုင်း၊ စတိုင်ကျပြီး ခန့်ထည်သည့်ပုံစံ

Note 8i အား အားကျဖွယ်ရာ လက်မှုလက်ရာဖြင့် ဖန်တီးထားပြီး တစ်မူထူးခြားသော မျဉ်းများနှင့် နည်းပညာပိုင်းအရ မူရင်းဒီဇိုင်းများဖြင့် ပြည့်နှက်နေသည်။ သင့်တစ်ကိုယ်ရေ ဘဝနေထိုင်မှုနှင့် လိုက်ဖက်ညီသော စိန်ပွင့်ပုံစံ နောက်ဒီဇိုင်းတို့နှင့် ဖန်တီးထားပါသည်။ သင်မျှော်မှန်းထားသည်ထက် လက်အတွင်း ပိုမိုသက်သောင့်သက်သာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။

ရုပ်ပုံချုံ့စက်

ဓာတ်ပုံအရွယ်အစားကို MB မှ KB သို့ တစ်စက္ကန့်မကြာဘဲ ချုံပေးနိုင်သည့်အတွက် ဓာတ်ပုံများ၊ အမှတ်တရများကို ပိုမိုသိမ်းဆည်းနိုင်ပါသည်။

Xclone

သင့်အတွေးများကို အချိန်တိုင်း၊ နေရာတိုင်းတွင် ချရေးထားနိုင်သလို အံ့အားသင့်ဖွယ် အခိုက်အတန့်များကို အသေးစိတ် မှတ်တမ်းတင်နိုင်ပါသည်။

စမတ်ကျသော စကင်ဖတ်၍ ဘာသာပြန်ခြင်း

ဘာသာစကား 40 ကျော်အတွက် အချိန်နှင့်တစ်ပြေးညီ ဘာသာပြန်ဆိုခြင်းနှင့် အသံမှစာသားသို့ ပြောင်းလဲခြင်းများဖြင့် ပံ့ပိုးပေးနိုင်ပြီး စကားလုံးများကို သင်လိုအပ်သည့်ဘာသာသို့ ချက်ချင်းဘာသာပြန်ဆိုနိုင်သည်။

WhatsApp အတွက် Social Turbo

WhatsApp တွင် အသံဖမ်းခြင်း၊ မျက်နှာအလှဆင်ခြင်းနှင့် ယခင်ကပြန်ခေါ်ခဲ့သည့် တစ်စုံတစ်ယောက်မှပို့သော မက်ဆေ့ချ်များကို စစ်ကြည့်နိုင်သည့် Peek Mode တို့ကဲ့သို့သော ထပ်တိုးလုပ်ဆောင်ချက်များ အများအပြား ပါဝင်ပါသည်။

ဗီဒီယိုဖြင့် ဖုန်းခေါ်သံ

သာလွန်ကောင်းမွန်သည့် ဗီဒီယိုဖြင့် ဖုန်းခေါ်သံလုပ်ဆောင်ချက်ဖြင့် သင့်ထံဖုန်းခေါ်ဆိုသူတို့၏ ခေါ်ဆိုနေစဉ်စခရင်ပေါ်တွင် သင့်စိတ်ကြိုက် ဗီဒီယိုတစ်ခု ပေါ်စေရန် ပြင်ဆင်ပေးနိုင်သည်။ အလွန်နှစ်သက်ဖွယ်၊ ရင်သပ်ရှုမောဖွယ်ဖြစ်သည်။

Android is a trademark of Google LLC;
Product pictures are for reference only. Please refer to the actual product. all data are from test trials, the might differ in various circumstances.