6000mAh
8.9mm SLIMMER DESIGN
6.82" HD+
CINEMATIC DISPLAY
SMART POWER SAVER
BATTERY LAB
8MP SELFIE CAMERA
WITH FLASH
13MP
AI DUAL CAMERA
60%
BATTERY'S LIFECYCLE
ENHANCED
အကန့်အသတ်မဲ့ ပျော်ရွှင်နိုင်ရန်အတွက် 6000mAh Ultra Battery
HOT 9 PLAY အား 6000mAh ဝင်ဆံ့သော ultra battery ဖြင့် အင်အားပေးထားပါသည်။ 6000mAH အားဝင်ဆံ့သည့် ultra battery ပါသော်လည်း 8.9mm သာထူသည့် ၎င်း၏စတိုင်ကျ ဒီဇိုင်းကြောင့် သင်၏တစ်မူထူးခြားသော ကိုယ်ရည်ကိုသွေးကို ထင်ပေါ်စေမည် ဖြစ်ပါသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အမှန်တကယ် အကန့်အသတ်မဲ့ ပျော်ရွှင်ခံစားနိုင်ပါပြီ။
6000mAh
8.90mm သွယ်လျသောဒီဇိုင်း
ပိုမိုကောင်းမွန်သော မြင်ကွင်းတို့အတွက် ရုပ်ရှင်ဖန်သားပြင်
6.82" အရွယ်ရှိ ကြီးမားသော ရုပ်ရှင်ပိတ်ကားကဲ့သို့ ဖန်သားပြင်ဖြင့် မိုဘိုင်းရုပ်ရှင်ကြည့် အတွေ့အကြုံကို ရရှိနိုင်ပါသည်။ IMax ရုပ်ရှင်အချိုးအစားနှင့် နီးစပ်သော 20:5:9 မြင်ကွင်းပြည့် အချိုးအစားကြောင့် ရုပ်ရှင်၊ ဂိမ်းကစားခြင်းနှင့် streaming လုပ်ရာတွင် နစ်မျောမွေ့လျော်ဖွယ် အတွေ့အကြုံများကို ခံစားနိုင်မည် ဖြစ်ပါသည်။
6.82 HD+
ရုပ်ရှင်ဖန်သားပြင်
Battery Lab
စမတ်ကျစွာ ပါဝါချွေတာခြင်း
စမတ်ကျသော ပါဝါချွေတာမှု စနစ် Battery Lab ကို အသုံးပြု၍ပိုမိုရှည်ကြာစွာ ခံစားအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ၎င်းသည် တစ်မူထူးခြားသော AI သုံး ပါဝါချွေတာမှုနစ်တစ်ခုဖြစ်ပြီး အသင့်ထားချိန်ကို 15% ခန့် ခြုံငုံရှည်ကြာစေမည် ဖြစ်ပါသည်။
ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာခြင်း
ဘက်ထရီသက်တမ်းကို 60% တိုးမြှင့်၍ ပိုမိုကြာရှည်ခံစေရန် လုပ်ဆောင်ပေးခြင်းဖြင့် HOT 9 Play ၏ ဘက်ထရီ အရည်အသွေးကို မြှင့်တင်ပေးထားပါသည်။ ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာသည့်အတွက် ၎င်းအတွက် သုံးရသည့် ရင်းမြစ်ကုန်ဆုံးမှု ကျဆင်းသွားမည်ဖြစ်ပြီး အဆင့်မြှင့်တင်မှုတိုင်းကို Infinix HOT 9 Play အသုံးပြုသူများအတွက် ရည်ရွယ်ပြီး သေချာဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။
60%
ဘက်ထရီသက်တမ်း တိုးမြှင့်ခြင်း
*ဘက်ထရီသက်တမ်းမှာ အမှန်တကယ် အသုံးပြုသည့် အခြေအနေတို့အပေါ်တွင် မူတည်ပါသည်။
Android Operating
System အသစ်
Android 10 (Go Edition) သည် အမြန်နှုန်းနှင့် လုံခြုံရေး ပိုမိုကောင်းမွန်ပါသည်။ ယခု အက်ပ်တစ်ခုနှင့် တစ်ခုအကြားကို ပိုမိုမြန်ဆန် ထိရောက်စွာ ကူးပြောင်းနိုင်မည်ဖြစ်ပြီး အက်ပ်အားလုံးသည်လည်း ယခင်ကထက် 10% ပိုမိုမြန်ဆန်စွာ ပွင့်လာမည် ဖြစ်ပါသည်။
ANDROIDTM 10 Q
(GO Edition)
13MP ကင်မရာ နှစ်ခုတွဲဖြင့် ဒေါင်လိုက်ပုံများကို ရိုက်ကူလိုက်ပါ
13MP AI မှန်ဘီလူးသုံး ကင်မရာဖြင့် ဒေါင်လိုက်၊ အလျားလိုက် ပုံများနှင့် ညဘက်မြင်ကွင်းများကို ရိုက်ကူးနိုင်ပါသည်။
13MP
AI ကင်မရာ နှစ်ခုတွဲ
8MP ဆယ်လ်ဖီ
8MP ရှေ့ကင်မရာသည် ၎င်း၏ AI စွမ်းဆောင်ရည်ဖြင့် ရုပ်ပုံများကို ပိုမိုကောင်းမွန်စေမည် ဖြစ်ပါသည်။ ၎င်းသည် မဲမှောင်သောဓာတ်ပုံများကို ပိုမိုလင်းတောက်စေရန် အလိုအလျောက် ချိန်ညှိပေးနိုင်ပါသည်။
8MP
ဆယ်လ်ဖီကင်မရာ
သင့်ဖုန်းအတွင်းမှ အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းပါ
သင့်အချက်အလက် အားလုံးကို ပုံတူမရှိသော လက်ဗွေရာ သို့မဟုတ် မျက်နှာ ID တို့အထိ အသုံးပြု၍ သင့်ဖုံးတွင်း၌ လုံခြုံစွာ သိမ်းဆည်းပါ။
လက်ဗွေရာနှင့် မျက်နှာဖြင့် ဖွင့်ခြင်း
SIM ကတ် နှစ်ကတ်ထည့်နိုင်သည်
HOT 9 PLAY အတွက် ၎င်း၏ SIM ကတ်ပေါက်တွင် နာနို SIM နှစ်ကတ် ထည့်သွင်းနိုင်ပါသည်။ အသုံးပြုသူသည် ကွန်ရက်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲအသုံးပြုနိုင်သည့်အတွက် ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။
တစ်မူထူးခြားသော ကျောက်မျက်သွေးဖြတ်ထားသည့် မျက်နှာပြင်ပုံစံ ဒီဇိုင်း
HOT 9 PLAY ကို ငှက်ခါးစိမ်း၊ မဟူရာအနက်၊ ခရမ်းရောင်နှင့် ပင်လယ်ပြာ ဟူသော အရောင်မျိုးစုံနှင့် တစ်မူထားခြားသော ကျောက်မျက်သွေးဖြတ်ထားသည့် မျက်နှာပြင်ပုံစံ ဒီဇိုင်းဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
ကျောက်မျက်သွေးဖြတ်ထားသည့် မျက်နှာပြင်ပုံစံ ဒီဇိုင်း
Android is a trademark of Google LLC;
Product pictures are for reference only. Please refer to the actual product. all data are from test trials, the might differ in various circumstances.