INFINIX ကို 2013 ခုနှစ်တွင် ထူထောင်ခဲ့ပြီး နောက်ဆုံးပေါ် နည်းပညာနှင့် ဖက်ရှင်ကျလှပသော မိုဘိုင်းကိရိယာများ ဖန်တီး၍ ဖက်ရှင်နှင့် နည်းပညာကို ပေါင်းစပ်ပြီး ကမ္ဘာလုံးအဆင့် အာရုံပြသည့် အသိဉာဏ်မြင့် ဘဝအတွေ့အကြုံများကို ခံစားနိုင်စေရန် အားထုတ်ဆောင်ရွက်လျက် ရှိပါသည်။
သမားရိုးကျ အခြေအနေများကို စိန်ခေါ်ပြောင်းလဲမည့် အမှတ်တံဆိပ် စိတ်ကူးစိတ်သန်းနှင့်အတူ Infinix စမတ်ကိရိယာများကို ထင်ပေါ်လိုသော၊ အများနှင့် ချိတ်ဆက်လိုသော၊ ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်လိုသော လူငယ်များအတွက် အထူးသီးသန့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။
Infinix သည် တစ်မူထူးခြားစွာပင် ကုမ္ပဏီ စတင်ချိန်ကပင် ပြင်သစ်ဒီဇိုင်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့ပေါ် အခြေပြု ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ Infinix သည် အဆုံးမရှိသော ဖြစ်နိုင်ခြေများနှင့် ထူးခြားသော ဝိသေသလက္ခဏာများကို ကိုယ်စားပြုနေပါသည်။
ဤသဘာဝကျသည့် ထုတ်ကုန်များသည် နေ့စဉ် အပြန်အလှန် ဆက်နွယ်မှုများမှသည် ကမ္ဘာတစ်လွှားမှ လူငယ်များအတွက် ဖက်ရှင်လမ်းကြောင်း ဖန်တီးပြီး အသိဉာဏ်မြင့်သော အတွေ့အကြုံများကို ကိုယ်စားပြုသည့် ဘဝနေထိုင်မှု ပုံစံတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါသည်။
Infinix သည် အသိဉာဏ်မြင့် ဒစ်ဂျစ်တယ် နည်းပညာသုံး ဘဝနေထိုင်မှု ပုံစံများအား စိတ်ပါဝင်စားမှုနှင့် လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိပါသည်။ Infinix သည် လက်ရှိတွင် ဥရောပ၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလည်ပိုင်းနှင့် အာရှတို့တွင် ထုတ်ကုန်များကို ဈေးကွင်ချဲ့ထွင် ရောင်းချလျက် ရှိပါသည်။
Millennial (1981 နှင့် 1996 ကြား မွေးဖွားသူများ) အာရုံပြု S စီးရီးကို မိတ်ဆက်ပေးခဲ့သည်
လုပ်ငန်းသုံးနှင့် နေ့စဉ်သုံး နှစ်မျိုးစလုံးအတွက် NOTE စီးရီးနှင့် မိတ်ဆက်ပေးခဲ့သည်
HOT NOTE ကို စတင်ရောင်းချခဲ့ပြီး Infinix ထုတ်ကုန်အားလုံးအတွက် အရောင်းစံချိန် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်
Breakthrough with the launch of ZERO
ZERO ကို စတင်မိတ်ဆက်ပေးပြီး ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်
ALPHA ကို မိတ်ဆက်ပေးခဲ့ပြီး အများနှစ်သက်ခဲ့သည့် Marvel စီးရီးကို ပြသခဲ့သည်
မိုဘိုင်းကိရိယာ အပြည့် ထုတ်လုပ်ရန် မဟာဗျူဟာတစ်ခုဖြင့် Infinix ကို တည်ထောင်ခဲ့သည်